ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ(၁၁)ဦး ထပ်မံဝင်ရောက်

ချင်းရွှေဟော်  ဩဂုတ်  ၂၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဩဂုတ်လ ၂၄ ရက်နေ့၊ ညနေ(၆)နာရီ အချိန်က(၁၀)ဉီး နှင့် ယမန်နေ့ညနေ​(၆)နာရီ အချိန်က(၁)ဉီး  စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၁)ဉီး  ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၁၁)ဉီးတို့မှာ အမျိုးသား(၇)ဉီး၊ အမျိုးသမီး(၄)ဉီးတို့ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် မှ(၁)ဉီး၊ သီပေါမြို့နယ်မှ(၁)ဉီး၊ နမ္မတူမြို့နယ်မှ(၂)ဉီး၊ သိန္နီမြို့နယ်မှ(၁)ဉီး၊ ကုန်ကြမ်းမြို့နယ်မှ(၅)ဉီး နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းရှူးမြို့နယ်မှ(၁)ဉီး တို့ဖြစ်ကြောင်း သိရသည်။

ထိုသို့   ချင်းရွှေဟော် နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူများအား  ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့  စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင် ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား (၈၁၆၀)ဉီး နှင့် အမျိုးသမီး(၆၅၃၆)ဉီး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၄၆၉၆)ဉီးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)