မဘိမ်းမြို့နယ်တွင် စုရပ်သုံးခု၌ ပြည်သူ ၉၁၂ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

မဘိမ်း    ဇန်နဝါရီ    ၂ဝ    

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်သူများအား ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်က ကွန်းချောင်း ကျေးရွာအုပ်စု ဘက်စုံသုံးခန်းမ၊ မိုးလုံးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံနှင့် ရမ်းဘိုကျေးရွာ အုပ်စု ဘက်စုံသုံးခန်းမစသည့် စုရပ်ရပ်သုံးခုတို့တွင် ပြည်သူ ၉၁၂ ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးရာတွင် ဦးတည်အုပ်စုများအလိုက် အသက်(၁၈)နှစ်နှင့်အထက် စတုတ္ထအသုတ်(ဒုတိယအကြိမ်) လာရောက်ထိုးနှံသူ ကွန်းချောင်းကျေးရွာအုပ်စုရပ်တွင် ပြည်သူ ၁၄၂ ဦး၊ မိုးလုံးကျေးရွာ အုပ်စုရပ်တွင် ပြည်သူ ၃၄ဝ ဦးနှင့် ရမ်းဘို ကျေးရွာအုပ်စုရပ်တွင် ပြည်သူ ၄၃ဝ ဦး၊ စုစုပေါင်းပြည်သူ ၉၁၂ ဦးတို့အား ကာကွယ်ဆေးများ ထိုးနှံ ပေးခဲ့ကြောင်းနှင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအား သတ်မှတ်စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။    

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးရာသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးမင်း