မိုင်းလုံမြို့တွင် (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့(အကြို) စာအုပ်/ စာစောင်ပြပွဲကျင်းပ

မိုင်းလုံ ဇန်နဝါရီ ၂၀  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ် ပြည်ထောင်စုနေ့(အကြို) စာအုပ်/စာစောင်ပြပွဲကို ယမန်နေ့က ကျင်းပ ဆောင်ရွက်ခဲ့သည်။

ယခုလို စာအုပ်/စာစောင်ပြပွဲကို ကိုဗစ်ရောဂါ ကာကွယ်ရေးစည်းကမ်းနှင့် အညီ ဆောင်ရွက်ပြီး မိုင်းလုံမြို့နေ ကလေးငယ်များ ကျောင်းစာအပြင် အခြားဗဟုသုတများကို စာအုပ်စာပေများမှ တစ်ဆင့် ရရှိစေရန်၊ ပြည်ထောင်စုနေ့ကို အမြဲအမှတ်ရနေစေရန်၊ ကလေးငယ်များ စာကြည့်တိုက်ကို ပိုမိုရင်းနှီးစေရန်နှင့် အားလပ်သောအချိန်ကို အကျိုးရှိစွာ အသုံးပြုစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်း၏ ပြောကြားချက်အရ သိရသည်။  

အဆိုပါ စာအုပ်/စာစောင်ပြပွဲတွင် ပြည်ထောင်စုနေ့နှင့် သက်ဆိုင်သော စာအုပ်များ၊ သုတ စာအုပ်၊ မဂ္ဂဇင်းစာအုပ်၊ ကာတွန်းစာအုပ်များကို ခင်းကျင်းပြသထားကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)