သံဖြူဇရပ်မြို့နယ် ဖောင်စိန်ရပ်ကွက်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်းဆောင်ရွက်

သံဖြူဇရပ် ဇန်နဝါရီ   ၂၀

​ဒေသခံပြည်သူများလူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်လိုသူများ ကိုမွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဖောင်စိန်ရပ်ကွက်၌ မြို့နယ်ဦးစီးအရာရှိ ဦးရဲလင်းအောင် ဦးဆောင်၍ ဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့"ပန်းခင်း စီမံချက်ဖြင့် ယမန်​နေ့နံနက်ပိုင်းမှစ၍ အဆိုပါ ရပ်ကွက်ရုံးတွင် နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးသည်။

ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ် ရေးညွှန်ကြားချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ပေးပြီး အသက် ၁၀နှစ်အထက် နိုင်ငံသား ကတ်ကိုင်ဆောင်မှု ၃(က)တွင် ကျား(၂)ဦး၊ မ(၁)ဦး၊အသက် ၁၈နှစ် နှင့်အထက် နိုင်ငံသား ကတ်ကိုင် ဆောင်မှု ၆(က)တွင် ကျား(၂)ဦး၊ မ(၈)ဦး၊အသက် ၁၀ နှစ်မှ ၁၈ နှစ်ပြည့်လဲလှယ်တွင် ကျား(၁၉)ဦး၊ မ(၃၅)ဦးနှင့် ပျောက်ဆုံး၊ ပျက်စီးထုတ်ပေးခြင်းတွင် ကျား(၆)ဦး၊ မ(၇)ဦးတို့အား ကတ်အမျိုးမျိုး ဆောင်ရွက် ပေးလျက်ရှိရာ စုစုပေါင်း(၈၀)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့​ပြီး၊ မြို့နယ်ဦးစီးအရာရှိကအိမ်ထောင်စုစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အခမဲ့ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် စနစ်တကျမပျောက်ပျက်အောင် ကိုင်တွယ် ထိန်းသိမ်း အသုံးပြုရန်တို့ကိုရှင်းလင်း ပြောကြားပေး သည်။

သံဖြူဇရပ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနအနေဖြင့်ပြုလုပ်ရန်ကျန် ရှိသည့် ဒေသခံပြည်သူများကိုလည်း စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမွန်(ပြန်/ဆက်)