ကျောက်ဖြူမြို့တွင် အခြခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်မြောက် ဆက်လက် ထိုးနှံ

ကျောက်ဖြူ ဇန်နဝါရီ  ၂၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန် ကျန်ရှိနေသေးသည့် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းများမှ အသက် (၁၂)နှစ်နှင့်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်မြောက် ထိုးနှံခြင်းကို ယနေ့နံနက် နာရီက မြို့နယ် ပညာရေးမှူးရုံးရှိ အစည်းအဝေး ခန်းမဆောင်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ရာတွင် ဆေးထိုးရန် လာရောက်ကြသည့် အသက်(၁၂)နှစ်နှင့်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများကို ပညာရေးဌာနမှ ဝန်ထမ်းများက လက်သန့်ဆေးရည်များဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်းများကို ဆောင်ရွက်ပေးပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံပေးခြင်း များကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။

ကျောက်ဖြူမြို့နယ်တွင် အဆိုပါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၃၃၆၉)ဦး၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းမှ(၄၁)ဦး၊ ကိုင်ပိုင်အထက် တန်းကျောင်းများမှ (၂၁၅)ဦးနှင့် IDPs စခန်းရှိ အခြေခံပညာ အထက်တန်းအဆင့်သင် ကျောင်းမှ  (၆၅)ဦး၊ စုစုပေါင်း(၁၃၆၉၀)ဦးနှင့် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံထားသည့် ကျောင်းသား၊ ကျောင်းသူ၊ ၁၄၇၅၉ ဦးရှိပြီးဖြစ်ကာ ကာကွယ်ဆေးထိုးနှံမှု ရာခိုင်နှုန်းအနေဖြင့် ၉၀ ရာခိုင်နှုန်းကျော်ရှိနေပြီဖြစ် ကြောင်း ယနေ့တွင်လည်း ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ပထမအကြိမ်ထိုးနှံထားသည့် ကျောင်းသား၊ ကျောင်းသူ ၃၉၀ ဦးတို့အား ဒုတိယအကြိမ်မြောက် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပညာ ရေးမှူး ဒေါ်နုနုသာထံမှ သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်အောင် ကျော်နှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း( ပြန်/ဆက်)