ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ

မန္တလေး    ဇန်နဝါရီ    ၂၀

မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ အ.ထ.က၂၃ ကျောင်းတို့ ပူးပေါင်းကျင်းပသော ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းကို မန္တလေး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းသားလူငယ်မောင်မယ်များအနေဖြင့် စာကြည့်တိုက်နှင့်အကျွမ်းတဝင် ရင်းနှီးစေရန်၊ စာပေကို ဖတ်ရှုပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အထဖြစ်ပေါ်လာစေရန်၊ စာပေကရရှိသည့်အသိဖြင့် လူကောင်းလူတော်များ ဖြစ်လာစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အထများ ခိုင်မြဲစေရန်အတွက် ပြိုင်ပွဲများကို ကျင်းပပေးခြင်း ဖြစ်ပါတယ်ဟု  မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြားခဲ့သည်။

ထို့နောက် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိ၊ ဒုတိယဦးစီးမှူးနှင့် ဆရာ/ဆရာမများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)