ကွတ်ခိုင်မြို့ ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမတွင် စက္ကူခေါက်နှင့် စကားပုံဆက်ပြိုင်ပွဲပြုလုပ်

ကွတ်ခိုင် ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က စက္ကူခေါက်နှင့် စကားပုံဆက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကျင်းပဆောင်ရွက်ရာတွင်‌ကျောင်းသား/သူလေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက် လာစေရန်၊ တီထွင်ကြံဆတတ်စေရန် မြို့နယ်ဦးစီးမှူး‌ဒေါ်ဌေးဌေးဝင်းက ရောင်စုံစက္ကူများ ကို အသုံးပြု၍ စက္ကူ‌ပန်းခေါက်ပုံ အဆင့်ဆင့်ကို ပြသပြီး ပြိုင်းပွဲကျင်းပခြင်း၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေရန်အတွက် စကားပုံဆက်ပြိုင်ပွဲ ကျင်းပခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး သာသနာ့ရိပ်သာမှ ကျောင်းသား/သူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများကို မြို့နယ်ဦးစီးမှူးက ဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဌေးဌေး(ကွတ်ခိုင်)