လှိုင်မြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေး သန့်ရှင်းရေးပြုလုပ်

လှိုင် ဇန်နဝါရီ ၂၀

မြို့တော်သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက်  ရန်ကုန် အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ယမန်နေ့ နံနက်(၉)အချိန်က စတင်ကာရေမြောင်းများအား သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် လှိုင်မြို့နယ် စည်ပင် သာယာရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စည်ပင်သာယာ ရေစီးရေလာဌာနမှ ဝန်ထမ်း များက လှိုင်မြို့နယ် စံပြရပ်ကွက်အဖြစ် ရွေးချယ်ထားသော (၁၂)ရပ်ကွက် ပါရမီလမ်း (ချည်မျှင် စက်ရုံ အိမ်ရာဝန်းဘက်ခြမ်း) သန့်ရှင်းသပ်ရပ်မှု ရှိစေရေးအတွက် သစ်ရွက်ကြွေများ ကိုင်းခြောက်များနှင့် အုပ်မိုးကိုင်းများ မြက်များ အမှိုက်များ ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ သည်။

လှိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီ အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေးစီး ရေလာ ကောင်းမွန်ရေး လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး အမှိုက်များကို အမှိုက်သိမ်းကားများဖြင့် သယ်ယူကြောင်း သတင်းရရှိသည်။

သီတာ(ပြန်/ဆက်)