နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ဆဌမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ

နွားထိုးကြီး  ဇန်နဝါရီ   ၂၀       

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ဆဋ္ဌမအသုတ်၊ ပထမအကြိမ် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉နာရီမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူသမ္မတနိုင်ငံမှ ထုတ်လုပ်သော Covishield အမျိုးအစားဖြစ်ပြီး အသက်(၁၈)နှစ်အထက်ပြည်သူများကို ဆေးတစ်လုံးလျှင် လူ ငါးဦး5Doseထိုးနှံလျက်ရှိပြီးအသက် (၁၈)နှစ်အထက်၊(၁၆၄၈)ဦးအားထိုးနှံပေးပြီးစုစုပေါင်း(၅၈၁၅၀) ဦးအား အဆိုပါဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်နှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။            

ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာများရှိပြည်သူများကိုလည်း သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းအောင်ဇော်