ဆင်ပေါင်ဝဲ ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါနှင် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေး အနေဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်(၈)နာရီက တောညောင်ပင်သာကျေးရွာနှင့် မြို့ပေါ်ရှိရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်ကာ အဘိတ်ဆေးများ ခပ်ပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ကျန်းမာရေး အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျေးရွာအတွင်းရှိ ပြည်သူများ၏ နေအိမ်သို့ သွားရောက်ကာ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ပေးခြင်း၊ ခြင်ခိုအောင်း ပေါက်ပွားနိုင်သော ရေလှောင်ကန်များ၊ ရေစည်များ၊ ရေတွင်း၊ ရေကန်များထဲသို့ ပိုးလောက်လန်းသေ အဘိတ်ဆေးများ ခတ်ပေးခြင်းကို ပြုလုပ်ပေး ခဲ့သည်။
၎င်းအပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းဖြစ်သော ပိုးတွေ့ထိစပ်သူ များအား နှာခေါင်းတို့ဖတ် ယူစစ်ဆေးပေးခြင်း၊ Contact Tracing လုပ်ငန်းများကိုလည်း ဇောင်ချမ်းတောင်ကျေးရွာ၊ ထူးပေါက်၊ အင်းမ၊ ကုန်းဘို၊ ဘော်မြင့်ကျေးရွာများနှင့် တောညောင်ပင်သာ ကျေးရွာတို့တွင်လည်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမွန်စိုးရီထံမှ သိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)