ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံ

ဒဂုံအရှေ့  ဇန်နဝါရီ  ၂၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံခြင်း၊ ကျန်းမားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား ရပ်ကွက်၊ ကျေးရွာများအတွင်း လှည့်လည်နှိုးဆော်ခြင်းစသည့် လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ၏ ရင်တွင်းစကားသံများကို ဖော်ပြပေးလိုက် ရပါသည်။

မေး=နာမည်နှင့် လိပ်စာဖြေကြားပေးပါရှင့်၊၊

ဖြေ=ကျွန်မကတော့ မခင်နှင်းရွှေဖြစ်ပါတယ်၊၊ အမှတ်( ၁၅)  ရပ်ကွက်တွင် နေပါတယ်။

မေး= ကိုဗစ်-၁၉ ရောဂါကို ဘယ်အချိန်လောက်မှာ စ ဖြစ်တယ်သိရပါလဲ၊၊

ဖြေ=ကျွန်မကဇူလိုင်(၂၄)ရက်နေ့မှာစပြီး ဖျားချင်သလိုဖြစ်တယ်။ အသံတွေဝင်လာပြီး ချောင်းတွေ ဆိုးလာတယ်။ တစ်ကိုယ်လုံး ကိုက်ခဲပြီး ခံစားခဲ့ရပါတယ်။ဇူလိုင်(၂၆)ရက်နေ့မှာတော့ အနံ့စတင်ပျောက်သွားသည့်အတွက် ဆေးခန်းသို့ သွားရောက်ပြသရာ ကိုဗစ်-၁၉ ရောဂါလက္ခဏာများ တွေ့ရှိခဲ့ပါတယ်။

မေး=ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီးဘယ်လို ဝေဒနာမျိုးခံစားရပါသလဲ၊၊

ဖြေ၊၊အစားစားချင်စိတ်မရှိဘူး၊၊ ဘာစားစားအရသာမရှိဘူး၊ မောပြီးချောင်းဆိုးတယ်၊၊ အသက်ရှုကြပ်တယ်။

မေး၊၊ ကျန်းမာရေးကောင်းမွန်အောင် ဘယ်လိုနေထိုင်ခဲ့ပါသလဲ၊၊

ဖြေ= ဆရာဝန်မှာကြားသည့်အတိုင်း အချိန်မှန်မှန်ဆေးသောက်ခြင်း၊ အာဟာရပြည့်ဝသော အစားအစာများကို အရသာရှိရှိ၊ မရှိရှိအဟာရပြည့်အောင်စားပါတယ်။ အချိန်မှန်မှန်စားပြီး အိပ်ရေးဝဝအိပ်ပါတယ်၊၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တယ်။

 မေး= ကိုဗစ်၁၉ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို ပြောပြပေးပါ။

ဖြေ= ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားအောင်ဆရာဝန်မှာကြားသည့်အတိုင်း  ပြည်သူများအနေနဲ့ မလိုအပ်ဘဲ အပြင်သို့ မကြာခဏ ထွက်ခြင်းမှ ရှောင်ကျဉ်ရန်၊ လက်ကိုမကြာခဏ စက္ကန့် ၂၀ ကြာအောင် ဆေးကြောရန်၊ အပြင်ထွက်တိုင်း Mask စနစ်တကျတပ်ရန်၊ မဖြစ်မနေအပြင်သွားရပါက ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြဖို့၊ ကိုယ်ခံအားကောင်းအောင် အာဟာရဖြစ်စေတဲ့ အစားအသောက်များကို စနစ်တကျ စားသောက်ကြဖို့နှင့် အိပ်ရေးဝဝအိပ်ကြဖို့ တိုက်တွန်းလိုပါတယ်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကိုလည်း ကျန်းမာရေးဝန်ထမ်းများနဲ့ ချိတ်ဆက်ပြီးထိုးနှံကြဖို့ တိုက်တွန်းလိုပါတယ်။

အေးမဉ္ဇူ