လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အတွင်းပဒံ‌ကျေးရွာအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင် ထောက်ပံ့

လှိုင်သာယာ(အနောက်ပိုင်း) ဇန်နဝါရီ  ၂၀

ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အတွင်းပဒံ‌ ကျေးရွာရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေး ပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက အတွင်းပဒံ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများက ထောက်ပံ့ငွေများကို အဘိုး၊ အဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် အသက်( ၈၅) နှစ်နှင့်အထက် သက်ကြီးအဘိုး () ဦးနှင့် အဘွား (၁၄) ဦးတို့အတွက် နိုင်ငံတော်မှ တစ်လလျှင် ငွေကျပ် (၁၀၀၀၀) နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ ပေးခြင်းဖြစ်ပြီးအတွင်း‌ ကျေးရွာရှိအသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၂၃) ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၆၉၀၀၀၀) ထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။

ဝေဝေ(ပြန်/ဆက်)