လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် အမှတ်(၂၀)ရပ်ကွက်တွင် ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့မှ လိုအပ်လျက်ရှိသော အိမ်ထောင်စု များ ဆန်များထောက်ပံ့ပေး

လှိုင်သာယာ(အနောက်ပိုင်း)   ဇန်နဝါရီ   ၂၀

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်တွင် ကုလသမ္မဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (World Food Program)၏ စားနပ်ရိက္ခာလိုအပ်ချက်ရှိသော အိမ်ထောင်စုများအား ဆန်နှင့် အသက်(၅)နှစ်နှင့်အောက် ကလေးသူငယ် များအား အာဟာရ ထောက်ပံ့ခြင်းကို  ယမန်နေ့ (၁၉ .၁.၂၀၂၂)ရက်နေ့ နံနက် (၀၉၀၀)နာရီအချိန်ကစတင်၍ ဆောင်ရွက်ခဲ့ရာ WFP မှ စီမန်ချက်မန်နေနေဂျာ ဦးစိုးဝဏ္ဏ၊ ဆန်ဖြန့်ဖြူရေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကိုကိုတို့ ဦးဆောင်သော အင်အား(၅၈)ဦးတို့မှ ဖြန့်ဝေခဲ့ကြောင်းသိရသည်။

ထိုနောက်ဆန်ဖြန့်ဖြူးရေးအခြေစိုက်နေရာများဖြစ်သော ဘိုတေဇပတ်လမ်းရှိ ‌ အောင်သုခဓမ္မာရုံနှင့် အနော်ရထာလမ်းပေါ်ရှိ အမှတ် (၂၀)ရပ်ကွက်အုပ်ရေးမှူးရုံးတို့ကို အခြေပြုကာ စားနပ်ရိက္ခာ လိုအပ်ချက်ရှိသော မိသားစုများအား အိမ်ထောင်တစ်စုလျှင် အသားတင် အလေးချိန် (၅၀)ကီလိုဂရမ်ရှိ (၂.၄၅)ပြည့်ပါ ဆန်တစ်အိတ်၊ စုစုပေါင်းအိမ်ထောင်စု(၆၈၀၀)စု ဆန်ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်းကို တာဝန်ရှိသူထံမှသိရသည်။

ဝေဝေ