လှိုင် ဇန်နဝါရီ ၂၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့နံနက် ၁၀း၀၀အချိန်က “မီးဘေးအန္တရာယ်ဆိုင်ရာ” အသိပညာပေး ဆွေးနွေးပွဲ (TalkShow)အစီအစဉ် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ဝင်းသီတာမိုး က မီးဘေးအန္တရာယ်နှင့်ပတ်သက်သက်၍ လုပ်ဆောင်ချက်များအား မေးမြန်းဆွေးနွေးခဲ့ရာ လှိုင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဟိန်းအောင်ကျော် (ဦးစီးအရာရှိ)က မီးဘေးအန္တရာယ် ကြုံတွေ့ခဲ့ရပါက ကြိုတင်စီမံဆောင်ရွက်မှုအခြေအနေများ၊ မီးလောင်မှု မဖြစ်ပွားစေရန် မီးကိုစနစ်တကျ အသုံးပြုကြရန် မလိုအပ်ဘဲ မီးမသုံးစွဲရန်နှင့် မီးဘေးအန္တရာယ်နှင့်ကြုံတွေ့ရပါက မီးသတ် ဝန်ထမ်းများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများနှင့် ကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သီတာ