ကျောက်တံတား ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာ့အလင်းခေတ်မီ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက နေ့ထူးနေ့မြတ်ဖြစ်သည့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို သိရှိစေရန် နှင့်ဖေဖော်ဝါရီ(၁၂)ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့ (အကြို) စာအုပ်စာစောင် ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းဆိုင်ရာ စာအုပ် စာစောင်များ ထည့်သွင်း ပြသထားရာ စာပေချစ်သူများ၊ စာပေဝါသနာရှင်များ၊ စာဖတ်ပရိသတ်များမှ စိတ်ပါဝင်စားစွာ လာရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
စိုးယုလှိုင်