မောင်တော ဇန်နဝါရီ ၂၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများအား ဆဋ္ဌမ အသုတ် (ပထမ) အကြိမ် အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက သတ်မှတ် နေရာ များတွင် ဆက်လက်ထိုးနှံ ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများ မှတ်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက် ထိုးနှံသည့် ဦးတည်အုပ်စုတွင် ပါဝင်သည့် သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေး လျက်ရှိသည်။
အဆိုပါ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများ အား ဆဋ္ဌမ အသုတ် (ပထမ) အကြိမ်အဖြစ် နိုင်ငံဝန်ထမ်း ၁၂ ဦး ၊ အကျဉ်းထောင်၊အချုပ်ထောင်မှအကျဉ်းသား ၁၀ ဦး ၊ အခြားဝင်ငွေရှိ သော လုပ်ငန်းလုပ်ကိုင်သူ ၄၇၆ ဦး ၊ မှီခို ၅၆၉ ဦး ၊ စုစုပေါင်း ၁၀၆၇ ဦး အား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခဲ့ပြီး ဆဋ္ဌမ အသုတ် (ပထမ) အကြိမ်အဖြစ် ဇန်နဝါရီ ၁၉ ရက်နေ့ထိ ကာကွယ်ဆေးထိုးနှံပြီးသူ ၃၅၄၂ ဦး အား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့် အညီ ထိုးနှံ ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)