လှိုင်မြို့နယ်တွင် စာရေးဆရာအသင်းနှင့် တွေ့ဆုံဆွေးနွေးပွဲဆောင်ရွက်

လှိုင် ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် စာရေးဆရာအသင်း တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လည်၁၂နာရီအချိန်က လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနCommunityCentreခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာလှိုင်မြို့နယ် စာရေးဆရာအသင်းနှင့် သတင်းစာဆရာအသင်းနာယက ဆရာဦးမြတ်စိုးလှိုင် (မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုအမှု့ဆောင်)က အဖွင့်အမှာစကား​ ပြောကြားသည်။ 

ဆက်လက်၍ မြို့နယ်စာ​ရေးဆရာအသင်း၏ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များအား ​ဆွေး​နွေးတင်ပြကြပြီး တက်​ရောက်လာကြ​သော စာ​ရေးဆရာအသင်းအဖွဲ့ဝင်များမှ အကြံပြု​ဆွေး​နွေးခဲ့​ကြောင်း သိရှိ ရသည်။

သီတာ