ကျောက်မဲမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ကျောက်မဲ ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်စုစုဝင်းသည် ယမန်နေ့ နံနက်ပိုင်းက စာရေးဆရာ မေဇွန်အေး ရေးသား ထားသည့် " တံတားကလေးပေါ်မှာ" ခေါင်းစဉ်ဖြင့် ပုံပြင်ပြောအစီအစဉ်ကို ရိုက်ကူး၍   Online မှ တစ်ဆင့် ထုတ်လွှင့်ပြသပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်‌၁၉ ရောဂါ ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့စာကြည့်တိုက်သို့ မလာ ရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များ အတွက် အသိပညာဗဟုသုတများ ရရှိစေရန်၊ စိတ်အပန်းပြေ ပျော်ရွှင်စေရန် ရည်ရွယ်၍  သုတ၊ ရသ စာအုပ်စာ‌စောင်မိတ်ဆက်ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်/ ပန်းအလှခေါက် ခြင်းအစီအစဉ်များကို ရိုက်ကူး၍ ကျောက်မဲခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် နေ့စဉ်ထုတ်လွှင့် ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)