ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာနေပြည်သူများအား ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေး

ခရမ်း   ဇန်နဝါရီ   ၁၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်‌ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများအရောက် နေ့စဉ်ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေး လျက်ရှိပြီး ယမန်နေ့နံနက်(၉)နာရီက အုပ်ဖိုကျေးရွာ အတွင်းရှိ  ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက်လည်း ကျေးရွာ/ရပ်ကွက်များအရောက် ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရပ်ကွက်/ကျေးရွာအုပ်စုသို့ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးရာတွင်လည်း ခရမ်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့် ဝန်ထမ်းများက  အုပ်ဖိုကျေးရွာအတွင်း အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား လျှောက်ထားသည့်   ကျေးရွာနေပြည်သူများနှင့် အသက်  (၁၈)ပြည့် နိုင်ငံသား စိစစ်ရေး ကတ်ပြား လျှောက်ထားသည့် ကျေးရွာနေပြည်သူ စုစုပေါင်း ပြည်သူ(၆၅) ဦးနှင့် ကမာကလူကျေးရွာတွင်(၉၅)ဦး၊ ကြာကန်ကျေးရွာတွင်(၆၂)ဦး၊ ကွမ်းလျားရှည်ကျေးရွာတွင် (၉၆)ဦး စုစုပေါင်း(၃၁၈)ဦးတို့အား နိုင်ငံသား စိစစ်ရေးကတ်ပြားများပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။

ခရမ်းမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး အတွက်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိသည့် ရပ်ကွက်၊ ကျေးရွာများသို့လည်း ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးဌာနရုံးမှ သိရှိရသည်။       

ကိုမင်း(ခရမ်း)