ပင်းတယ ဇန်နဝါရီ ၁၉
မြန်မာနိုင်ငံတွင်းရှိဒေသအသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်အသိ ပညာပေးနှိုးဆော်ခြင်းများအား အရှိန် အဟုန် မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လည်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (အဆင့်ရုံး)ပင်းတယ မှဝန်ထမ်းများက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရော ဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များအား လိုက်နာကြရန်၊ မိမိတို့နေ့အိမ်၌ ဖျားနာခြင်း၊ အနံ့မရခြင်းနှင့်ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက် မကွက်စစ်ဆေးကုသမှုခံယူရန်နှင့် မိဘပြည်သူများအနေနဲ့ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား မပျက်မကွက် လာရောက်ထိုးနှံကြရန်၊ မိမိကိုယ်တိုင်ကစ ကာကွယ်မှသာ၊ မိမိမှတဆင့် တခြား သူထံသို့ကူးစက်မူ လျော့နည်းလာမှာဖြစ်ကြောင်း၊ စသည်တို့အား Hand Speaker ဖြင့် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြသည်။
ပင်းတယ (ဒေသပြန်/ဆက်)