မောက်မယ် သြဂုတ် ၂၆
ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကူးစက်ရောဂါကာလအတွင်း အစားအသောက် ရောင်းချသည့် စျေးဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းရှိ / မရှိကို COVID-19 ရောဂါကြိုတင် ကာကွယ် ၊ ထိန်းချုပ် ကုသရေး မြို့နယ် အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်သူရနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှတာဝန် ရှိသူများ ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များနှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် များက ယနေ့နံနက် ၆ နာရီခွဲက လိုက်လံစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင်စျေးဆိုင်များအနေဖြင့် လက်ဆေး ဘေစင် ထားရှိခြင်း ရှိ/မရှိ ၊ ရောင်းချသူများ နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်းရှိ/မရှိ၊စားပွဲပေါ် တွင် တစ်ဦးနှင့် တစ်ဦး ရောဂါ မကူးစက်စေရန် ပလပ်စတစ်အကာများ ထားရှိခြင်းရှိ/မရှိ စစ်ဆေးပြီး ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ကူးစက်ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ရောဂါဖြစ်ပွားမှုကို ကာကွယ်ရမည့် နည်းလမ်းများနှင့် လိုက်နာရန် စည်းကမ်း ချက်များကို အသိပညာပေးပြီး နှာခေါင်းစည်း (Mask)များနှင့် မျက်နှာအကာများ အခမဲ့ပေး ဝေခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)