မိုးနဲ ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြည့်ကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ မြို့နယ်အတွင်း ကင်းရှင်းစေရန်အတွက် Sinopharm ကို ပဥ္စမအသုတ် ဒုတိယအကြိမ်နှင့် ဆဌမအသုတ် ပထမအကြိမ် တစ်ပြိုင်နက်တည်း မြို့နယ် ကမ္ဘောဇခန်းမတွင် ယနေ့မွန်းလွဲ (၁)နာရီအချိန်ခန့်က ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ အသီးသီးမှ ပူးပေါင်း၍ စနစ်တကျ ကိုယ်ပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ စာရင်းသွင်းပေးခြင်းအပြင် ကာကွယ်ဆေး ရပ်ကွက်အလိုက် လာရောက်ထိုးနှံကြသည့် ပြည်သူများကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် (၂၀)ဦးခန့်ကို ပထမအကြိမ်အဖြစ် လည်ကောင်း (၈၀)ဦးခန့်ကို ဒုတိယအကြိမ်အဖြစ်လည်ကောင်း ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများပါ ပထမအကြိမ် လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။
ဇင်ကိုကို