ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း) ရုံးတွင် စာဖတ်ဝိုင်းကျင်းပ

သင်္ဃန်းကျွန်း၊ ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စာရေးဆရာကျော်ဝင်းဟိန်း(ပခုက္ကူ)ရေးသားသော “နှလုံးသားယဉ်ကျေးမှု စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို စာပေချစ်မြတ်နိုးသူများနှင့်ပူးပေါင်း၍ ယနေ့၊ နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

စာဖတ်ဝိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်၊ အ.မ.က(၂၃) ကျောင်းအုပ်ဆရာကြီး ဦးအုန်းလင်းထွန်းမှ စာရေးဆရာကျော်ဝင်းဟိန်း (ပခုက္ကူ) ရေးသေားသော “နှလုံးသားယဉ်ကျေးမှုစာစုများ” စာအုပ်ပါအကြောင်း အရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး စာပေချစ်သူ များမှ ပြန်လည် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများ ပိုမိုများပြားလာစေရန်၊ အသက်အရွယ်မရွေး စာအုပ်စာစောင်များအား ဖတ်ရှု လေ့လာခြင်းဖြင့် ဗဟုသုတများရရှိပြီး ကိုယ်တိုင်စဉ်းစား ဆုံးဖြတ် တတ်သောအတွေးအခေါ်များ ရရှိစေရန်နှင့်စာအုပ် စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ကျင်းပပေးလျှက်ရှိသည်။

စန္ဒာမိုး