လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ရေမြောင်းများမှ ဗေဒါပင်များနှင့်အမှိုက်များအား ရှင်းလင်းဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း) ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် အမှတ်(၂) ရပ်ကွက်၌ ရန်ကုန်ညောင်တုန်း လမ်းမကြီးတွင် သန့်ရှင်းသာယာလှပစေရေး၊ ခြင်များခိုအောင်းမှု မရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများတွင် ပိတ်ဆို့နေသော ဗေဒါပင်နှင့် အမှိုက်များကို မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့်ယ နေ့နံနက်ပိုင်းက ဆယ်ယူရှင်းလင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ရှင်းလင်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့်မြို့နယ် စည်ပင်သာယာစီမံဌာန၊ ပန်းဥယျာဉ်ဌာန၊ ရေစီးရေလာနှင့် သန့်ရှင်းရေးဌာနတို့ စုပေါင်း၍ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ပြည်သူများကျန်းမာရေး ကောင်းမွန်စေရန် ရည်ရွယ်၍ ရေမြောင်းများတွင် ပိတ်ဆို့နေသော ဗေဒါပင်နှင့် အမှိုက်များကို ဆယ်ယူရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်အောင်ရေမြောင်းများ တူးဖော်ခြင်းနှင့် ရှင်းလင်းပြီးသောဗေဒါပင်များနှင့် အမှိုက်များကို စနစ်တကျသယ်ယူ၍ သတ်မှတ် နေရာတွင် စွန့်ပစ်ရေးလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခင်ဝင်းမူ(ပြန်/ဆက်)