မိုးနဲမြို့ နမ့်မော်ဆွမ့်ကျေးရွာအုပ်စု စပါးခင်းများအတွင်း ငါးသားပေါက် ၃၇၅၀၀ ကောင် ငါးမျိုးစိုက်ထည့်

မိုးနဲ  ဩဂုတ် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်မှုဖြင့်  ငါးသယံဇာတ တိုးပွားလာ‌ စေရေးနှင့် ဒေသခံတောင်သူများစပါးအပြင် ငါးမွေးမြုခြင်းဖြင့် ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ စပါးခင်း အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စုရှိ  လယ်ဧက (၇၅)ဧက အတွင်း  ယမန်နေ့ညနေ ၃ နာရီအချိန်က စိုက်ထည့်‌ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လင်းခေး ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သက်စုရည်ဝင်နှင့် ဝန်ထမ်းများ ၊မြို့နယ်မိခင်နှင့်က‌လေး စောင့် ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခိုင်‌ဝေငြိမ်းနှင့် အဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ် ရေးမှူးနှင့်တောင်သူများက ညောင်ရွှေ ငါးသားဖောက်စခန်းမှ ငါးမြစ်ချင်း သားပေါက် ကောင်ရေ (၁၂၅၀၀)၊ ရွှေဝါငါးကြင်းသားပေါက် ကောင်ရေ (၂၅၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၃၇၅၀၀)ကောင်ကို စပါးခင်းအတွင်းသို့ စုပေါင်းငါးမျိုးစိုက်ထည့်‌ ပေးခဲ့ကြောင်း လင်းခေးခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)