မိုင်းယန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

မိုင်းယန်း ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Onlineမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ် ပရိတ်သတ်ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ် များ အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် Online မှတစ်ဆင့် ပုံပြင်ပြောခြင်း၊ ကဗျာ ရွတ်ဆိုခြင်း၊ သုတ/ရသ စာအုပ်စာစောင်မိတ်ဆက်ခြင်း၊ အရုပ်ခေါက်ပြခြင်း အစီအစဉ်များ၊ အသိ ပညာပေး Talk Show အစီအစဉ်များအား ရိုက်ကူးပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)