လွိုင်လင် ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များသည် ဇန်နဝါရီလ ၁၉ ရက်နံနက်ပိုင်းက မြို့မဈေးကြီးအတွင်း ဈေးရောင်းဈေးဝယ်များမှ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ရှောင်ဆစ်ခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုကဲ့သို့ ရှောင်တစ်ခင်စစ်ဆေးရာတွင် ဈေးရောင်းချသူများက ပါးစပ်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ပြီးမှ ရောင်းချရန် နှင့် Mask တပ်ဆင်ခြင်းမရှိပါက ဒဏ်ငွေရိုက် အရေးယူသွားမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ပြီးနောက် Mask အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။ အလားတူဌာနဆိုင်ရာများ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက မြို့မဈေးကြီး ရှေ့နာရီစင်အနီးတွင် ပါးစပ်နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
လွိုင်လင် မိုး