မိုးကောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်

မိုးကောင်း  ဩဂုတ် ၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၂၁၅၉)စုအတွက် ကျပ်(၂၄၃၁)သိန်းကျော် ပေးအပ်ပွဲကို မိုးကောင်းမြို့တော်ခန်းမ၌ ယမန်နေ့ ညနေ ၄ နာရီခွဲတွင် ကျင်းပသည်။

ပေးအပ်ပွဲအခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးဝေလင်းနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသွေးစံတို့က အမှာစကားပြောကြားပြီး မြိုနယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း က ထောက်ပံ့ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းသည်။

ယင်းနောက် ဝန်ကြီးနှင့်အတူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ များက ရပ်ကွက်/ကျေးရွာ အုပ်စု(၅၀)မှ ထောက်ပံ့ပေးအပ်ရေးဥက္ကဌများထံသို့  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်မှနယ်မြေအလိုက် တာ၀န်ပေးထားသော မြို့နယ်အဆင့် ဌာနဆိုင်ရာ ကြီးကြပ်အဖွဲ့များ၏ ကွင်းဆင်းကြပ်မတ်မှုဖြင့် အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ တစ်အိမ်ထောင်စုလျှင် ကျပ်(၂၀၀၀ဝိ/-)နှုန်းဖြင့် လက်ဝယ်အရောက် ဆက်လက်ပေးအပ်မည်ဖြစ်ပြီး ယခုထောက်ပံ့ ပေးအပ်မှုသည် ဒုတိယအကြိမ် ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)