မိုင်းယန်း ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ရှမ်း၊ မြန်မာ နှစ်ဘာသဖြင့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆောင်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် မိမိအိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ခွာပါက နှာခေါင်းစည်း(Mask)ကို သေချာစွာတပ်ဆင်ကြရန်၊ လက်ကိုသေချာစွာဆေးကြောကြရန်၊ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် လိုက်နာရမည့် စည်းကမ်းများကို မဖြစ်မနေလိုက်နာကြရန်၊ ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးပါက သက်ဆိုင်ရာဌာနသို့ စာရင်းပေးသွင်းပြီး အမြန်ဆုံး ကာကွယ်ဆေးထိုးနှံကြရန်၊ ကိုဗစ်-၁၉ ရောဂါ လက္ခဏာတွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးဆေးကုသမှုခံယူကြရန် စသည့်အချက်များကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)