မော်လမြိုင် ဩဂုတ် ၂၆
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သာယာအေးရပ်ကွက်၌ ယမန်နေ့ ညနေပိုင်း၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အိမ်တိုင် ရာရောက် စစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းနှင့် ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး တာဝန်ရှိသူများက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန် စေရေးအတွက် တိုက်ဆိုင်စစ်ဆေးရာတွင် မဲစာရင်းပါအချက်အလက်များပြည့်စုံ မှန်ကန်စေရေး၊ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များအားလုံး မဲစာရင်းတွင်အမည်စာရင်း ပါရှိ ရေးနှင့်မပါဝင်သင့်သူများ ပါဝင်မှုမရှိစေရေး တို့အတွက် ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခဲ့ ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)