ချမ်းမြသာစည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး

ချမ်းမြသာစည်   ဇန်နဝါရီ  ၁၉

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက်  ရပ်ကွက်များအတွင်းသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၈နာရီအချိန်မှစ၍ ချမ်းမြသာစည်မြို့နယ်၊သံလျက်‌ မော်‌တောင်ရပ်ကွက်နင့်မြို့သစ်(၁)ရပ်ကွက်တို့၌ ကွင်းဆင်းဆောင်ရွက် ပေးကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးရဲမင်းထွန်းနှင့် ဝန်ထမ်းများက ရပ်ကွက်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ် ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ စိစစ်၊ လဲလှယ်ခြင်းလုပ်ငန်းများကို  ကွင်းဆင်းဆောင်ရွက်ပေးရာ အသက် (၁၀)နှစ်ပြည့် ၁၇ဦး၊(၁၈)နှစ်ပြည့် ၆၈ဦးစုစုပေါင်း ၈၅ ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)