လယ်ဝေး ဇန်နဝါရီ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန) တွင် ယမန့်နေ့ မွန်းလွဲ(၁)နာရီက မူလတန်း (အောက်ဆင့်) ကဗျာရွတ်ပြိုင်ပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက် များနှင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လယ်ဝေးမြို့၊ ဗဟိုမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ကျောင်းသူ (၁၃) ဦးတို့က ကဗျာ ခေါင်းစဉ် အမျိုးမျိုးဖြင့် ရွတ်ဆိုပြိုင်ပွဲ ဝင်ခဲ့ကြသည်။
ထို့နောက် မူလတန်း(အောက်ဆင့်) ကဗျာရွတ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မမှီသစ်နှိုင်း၊ ဒုတိယဆုရရှိသည့် မခင်မင်းခန့်၊ တတိယဆုရရှိသည့် မသိင်္ဂီမြင့်နှင့် မဟေမာန်ဝင့်ထည်တို့အား ဗဟိုမူလတန်းလွန် ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုလွင်၊ ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)