နောင်ချိုမြို့နယ်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရေးပြိုင်ပွဲကျင်းပ

နောင်ချို ဇန်နဝါရီ ၁၉ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာရေးပြိုင်ပွဲကို ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဇန်နဝါရီလ ၁၈ရက်နေ့နံနက် (၁၀:၃၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းထွေးက ကျောင်းသား၊ကျောင်းသူများအနေ ဖြင့် နေ့ထူးနေ့မြတ်များကို အမှတ်ရ၊သတိရစေရန်၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်ပုံကို သိရှိစေရန်ရည်ရွယ်၍ ယခုကဲ့သို့ ပြိုင်ပွဲများဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အမှတ်(၁)အခြေခံ ပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “ပြည်ထောင်စုနေ့တို့မမေ့” ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

ယှဉ်ပြိုင်မှုအပြီးတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်သူ(၃)ဦးအား ပထမ ၊ ဒုတိယ၊ တတိယဆုများကိုလည်းကောင်း၊ ဝင်ရောက်ယှဉ်ပြိုင်သူများအား အမှတ်တရလက်ဆောင်များကိုလည်းကောင်း ချီးမြှင့်ပေးခဲ့ပြီး အာဟာရအဖြစ်ကွေကာနှင့်မုန့်များဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

ထွေးငယ် (ပြန်/ဆက်)