စဉ့်ကိုင် ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများသို့ ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေနံနက်(၁၀)နာရီက ကသဲစု အ မ က ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးဘိုဘိုဟန် ကျောင်းသားကျောင်း သူများအနေဖြင့် စာအုပ်၊ စာပေများ ဖတ်ရူလေ့လာခြင်းအားဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝစေပြီး စဉ်စားတွေးခေါ်မှု အသိဉာဏ်များပိုမိုရင့်သန်လာကာ စာဖတ်စွမ်းရည် မြင့်မားတိုးတက်လာမည်ဖြစ်ကြောင်းနှင့် နောင်အနာဂတ်တွင် တိုင်းပြည်၏ အားထားအားကိုးပြုရမည့် ကျောင်းသား/ကျောင်းသူများ ဖြစ်လာစေရန်ပြောကြားခဲ့ပြီး နောက်စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား ကသဲစု (အ.မ.က) ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
စဉ့်ကို်ငမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မျိုးဆက်သစ် ကလေးငယ်များ အသိ ပညာဗဟုသုတများ တိုးပွားလာစေရန် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းအပြင် ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောက်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ စာဖတ်စွမ်းရည်ပြိုင်ပွဲစသည့် အစီစဉ်များအားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည် ။
ညိုညိုဝင်း (စဉ့်ကိုင်)