ကျောက်တံတား ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် စာပေချစ်သူ Book Club အဖွဲ့မှ အမူဆောင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လည် ၁၂နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာ့အလင်းခေတ်မီစာကြည့်တိုက် Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ကျောက်တံတားမြို့နယ် Book Club အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သင်း(သင်္ချာအောင်သင်း)မှ အဖွဲ့ဝင်များနှင့် ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေး၊ ပုံမှန်စာဖတ်ဝိုင်း၊ လစဉ်စာပေဆွေးနွေးပွဲများ ဆောင်ရွက်သွားမည်ဖြစ်၍ အမှုဆောင်အဖွဲ့ဝင်များမှလည်း မပျက်မကွက် တက်ရောက် ပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ယခုအချိန်သည် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါများ ကူးစက်ဖြစ်ပွားနေသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနဲ့အညီ လုပ်ကိုင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူ အဖွဲ့ဝင်များမှလည်း အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)