နောင်ချိုမြို့နယ် ဟော်တော်ကျောင်းတိုက်အတွင်းရှိ သဒ္ဓမ္မဝေပုလ္လစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ

နောင်ချို ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ တောင်ရပ်ကွက်၊ ဟော်တော်ကျောင်းအတွင်းရှိ သဒ္ဓမ္မဝေပုလ္လစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတော်သို့ ဟော်တော်ကျောင်းတိုက်ဆရာတော်ဘုရားမှ ကြွရောက်၍ ဆွမ်းတော်ကြီးကပ်လှူခြင်း၊ ကြွရောက်လာသော ဧည့်ပရိသတ်များအား ရှစ်ပါးသီလခံယူ ဆောက်တည်စေခြင်း၊ တရားတော်များချီမြှင့် ခြင်းများဆောင်ရွက်ကာ လှူတန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

၎င်းနောက် သဒ္ဓမ္မဝေပုလ္လစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပင့်သံဃာ(၇၅)ပါးအား ဆွမ်း ဆန်တော်များ လောင်းလှူခဲ့ကြကြောင်း သိရသည်။

ထွေးငယ်၊ နောင်ချို (ပြန်/ဆက်)