မိုးကုတ် ဇန်နဝါရီ၁၉
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် စာပေဖတ်ရှုသည့် အလေ့အထရရှိစေရန်နှင့် စာပေဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀;၀၀)အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ မိုးကုတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ၊ မိုးကုတ်မြို့ နယ်ဦးစီးအရာရှိ( တာဝန်ပေး ) ဒေါ်နန်းခွာညိုနှင်းမှ ရှင်းလင်းပြောကြားပြီး စာရေးဆရာဖူးကျော်ဇင်၏“အောင်မြင်ရေးပဲ့တင်သံ”ဆောင်းပါးစာအုပ်အား စာဖတ်ဝါသနာရှင်များမှ အသီးသီးဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းအားမိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြိုနယ်ဦးစီးမှူးနှင့်ဝန် ထမ်းများ၊ စာပေဝါဿနာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
နန်းခွာညိုနှင်း(ပြန်/ဆက်)