အလုံ ဇန်နဝါရီ ၁၉
အလုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ ကမ္ဘာ့ဆေးလိပ်မသောက်ရနေ့ အထိမ်းအမှတ် အလယ်တန်း အဆင့် ကျပန်းစကားပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အလုံမြို့နယ် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ကျောင်းသား၊ လူငယ်များ ကွမ်း၊ ဆေးလိပ်အန္တရာယ်ကို သိရှိရှောင်ရှားနိုင် ရန်နှင့် လူအများရှေ့တွင် ပြောဆိုမ ှုစွမ်းရည်မြှင့်တင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ် သည်။
ပြိုင်ပွဲတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးမှ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲတွင် ဆေးလိပ်၊ ကွမ်းယာဖြတ်ကြဖို့ ကတိပြုကြစို့၊ ဆေးလိပ်၊ ကွမ်းယာ ဖြတ်ကြဖို့ ဆုံးဖြတ်လိုက်ကြစို့နှင့် အနာဂတ်ပန်းတိုင် လှပဖို့ ဆေးလိပ်၊ ကွမ်းယာရှောင်ကြဉ် ကြစို့ စသည့် ခေါင်စဉ်(၃)ခုကို ကျရာခေါင်စဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်စေပြီး ပြိုင်ပွဲတွင် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ထို့နောက် ဆုရရှိသူ(၅)ဦးနှင့် ပြိုင်ပွဲဝင်များအား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆုများချီးမြှင့် ခြင်းနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် ပြန်/ဆက်