တာလေမြို့၌ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့ (အကြို) စာအုပ် စာစောင်ပြပွဲကျင်းပ

တာလေ ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့ နံနက်ပိုင်းက လူငယ် လူရွယ်များ မမေ့အပ်သော နေ့ထူးနေ့မြတ်ဖြစ်သည့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်း ကြောင်းကို သိရှိစေရန်နှင့် ဖေဖော်ဝါရီ(၁၂)ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့(အကြို)  စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် ယနေ့ စာပေချစ်မြတ်နိုးသူ စာပေဝါသနာတူ ကျောင်းသား၊ ကျောင်းသူများ ကျောင်းမှရရှိသော ပညာအပြင် စာပေမှ ရရှိသော အသိပညာ အတတ်ပညာ ဗဟုသုတများ တိုးပွားရရှိစေမည့် သုတ/ရသ စာအုပ်စာစောင်များအား ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

 အောင်ကျော်မိုး(ပြန်/ဆက်)