ချမ်းအေးသာစံမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ချမ်းအေးသာစံ    ဇန်နဝါရီ     ၁၉

ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ်  အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်ရှိ သီရိဟေမာအရှေ့ရပ်ကွက်သို့ သွားရောက်ပြီးHandSpeakerဖြင့် အသိ ပညာပေး နှိုး‌ဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။     

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ယခုအချိန်တွင် ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြား၌ ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာနေပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကို ကြိုတင်ကာကွယ်နိုင်ရန်  ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်ကြရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာကာ (Face shield) ကို တွဲဖက်တပ်ဆင်ရန်၊ လူစုလူဝေးရှောင်ရှားရန်၊ လက်ကိုစက္ကန့် ၂၀ ကြာ မကြာခဏစနစ်တကျ ဆေးကြောရန်၊ အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ရှားရန်၊ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကြရန်နှင့် ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးများကိုလည်း ရပ်ကွက်အတွင်းရှိပြည် သူများအနေဖြင့် အကြိမ်ရေပြည့်အောင်မပျက်မကွက် ထိုးနှံပေးကြပါရန် စသည့် အသိပညာပေးလုပ်ငန်းများကို လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ထိပ်ထားနိုင်( ပြန်/ ဆက် )