မချမ်းဘော့ ဇန်နဝါရီ ၁၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ မချမ်းဘော့မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင်ကိုဗစ်-၁၉ ရော ဂါကာကွယ်နိုင်ရေးအတွက်
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်း ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၁) နာရီခွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မလိခခန်းမ၌ ကျင်းပခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ရပ်ကွက်/ကျေးရွာရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာများအတွက် Mask ခုရေစုစုပေါင်း (၁၀၂၀၀)ခုကို မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့၀င်များက ထောက် ပံ့ပေးအပ်ခဲ့ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကအသီးသီးလက်ခံရယူခဲ့ကြပြီး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကော်မတီ အနေဖြင့် မချမ်းဘော့မြို့နယ်အလင်းတန်းလူမှုကူညီရေးအသင်းအား လက်ဆေးဆပ်ပြာ ရည် ၊PPE ၀တ်စုံ(၅)စုံနှင့် အပူချိန်တိုင်းကိရိယာ (၂) ခုကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
ထို့နောက် ကိုဗစ်-၁၉ရောဂါအရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဝေယံမင်းသွင်က ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းပိုင်းဆိုင်ရာများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရပ်ကျေးစာရေးများအားမှာကြားခဲ့ကြောင်းသိရသည်။