မန်တုံမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များ ဆောင်ရွက်

မန်တုံ ဇန်နဝါရီ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ သူများနှင့် ကလေးငယ်များအတွက် အသိပညာ၊ ဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ Online မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များကို ရိုက်ကူး၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် Page တွင် တင်ဆက်ပေးလျက်ရှိသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များနှင့် ကျောင်းသား/သူများအတွက် ဗဟုသုတရရှိစေရန် မန်တုံမြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှ သုတ/ရသ စာအုပ် မိတ်ဆက်ခြင်း အစီအစဉ်များ၊ ပုံပြင်ပြောပြခြင်း အစီအစဉ်များ၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များ၊ စက္ကူအရုပ်ခေါက်ခြင်း အစီအစဉ်များနှင့် ကျန်းမာရေး ဆောင်းပါးမိတ်ဆက်ခြင်း အစီအစဉ်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရိုက်ကူး၍ Online မှ တစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

မန်တုံ ပြန်/ဆက်