သပိတ်ကျင်း ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား စာပေဗဟုသုတများ တိုးပွားလာစေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနသို့ Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ဗဟုသုတစုံလင်စွာရရှိစေမည့် သုတ/ရသစာအုပ်များ ငှားရမ်းပေးရာ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများမှ လေ့လာကြည့်ရှု့ငှားရမ်းခဲ့ကြ သည်။
အဆိုပါ Mobile စနစ်ဖြင့် ပြည်သူများအား အိမ်အရောက်ငှားရမ်းပေးခြင်းဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ရုံးစာကြည့်တိုက်သို့ လာရောက်မဖတ်ရှုနိုင်သူများ အဆင်ပြေစွာဖြင့် စာအုပ်များ ငှားရမ်းဖတ်ရှု့နိုင်ပြီး၊ ဗဟုသုတရရှိမည့် စာအုပ်စာစောင်များဖတ်ရှု့ရန် အသိပညာများ တိုးပွားစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးနိုင်ဝင်း (သပိတ်ကျင်း)