တံတားဦး ဇန်နဝါရီ ၁၉
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမှခရွန် ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်ဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ တွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်း ပြည်သူများသိရှိလိုက်နာ ဆောင်ရွက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁)ရပ်ကွက် သာဂေါင်ရပ်အတွင်း Hand Speaker ဖြင့် ဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါ နှိုးဆော်ချက်များတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှပြန်လာသော ဧည့်သည်များကို လက်မခံကြရန်၊ မိမိတို့ကလည်း အခြားနေအိမ်နှင့် အခြားသူများထံ မသွားရောက်ကြရန်၊ မဖြစ်မနေအပြင်သို့သွားလာရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask တို့ကိုစနစ်တကျလုံခြုံစွာ တပ်ဆင်အသုံးပြုရန်၊ လက်သန့်ဆေးရည်ဖြင့် ဆေးကြောခြင်း မပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကိုပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်း၊ ထိတွေ့ခြင်းများ မပြုလုပ်ကြရန်နှင့် ရောဂါပိုး ကူးစက် ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာ ဆောင်ရွက်ကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်နှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်ရန်အတွက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက Hand Speaker ဖြင့် အရှိန်အဟုန်မြှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြကြောင်းသိရသည်။
ရဲတင့်(တံတားဦး)