ကျောက်မဲ ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်စုစုဝင်းသည် ယမန်နေ့နံနက်ပိုင်းက စာရေးဆရာ မောင်မဟာ ရေးသားထားသည့် " နေမင်းကြီးစိတ်ဆိုးနေသည်" ခေါင်းစဉ်ဖြင့် ပုံပြင်ပြောအစီအစဉ်ကို ရိုက်ကူး၍ Onlineမှ တစ်ဆင့် ထုတ်လွှင့်ပြသပေးခဲ့ကြောင်း သိရသည်။
အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များအတွက် အသိပညာ ဗဟုသုတများ ရရှိစေရန်၊ စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ သုတ၊ ရသ စာအုပ်စာစောင် မိတ်ဆက်ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်/ ပန်းအလှခေါက်ခြင်း အစီအစဉ်များကို ရိုက်ကူး၍ ကျောက်မဲခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့်ပေးလျက် ရှိကြောင်း သိရသည်။
မိုင်းထွန်း