မင်္ဂလာဒုံ ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ရန်ကုန်တိုင်း ကြီးကြပ်မှုကော်မတီမှ ကြက်ခြေနီအသိပညာပေး ပိုစတာစိုက်ထူခြင်း အခမ်းအနားကို မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် လမ်းဆုံတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်း ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုးကြည်၊ တိုင်းအမှူဆောင်များ၊ မြောက်ပိုင်းခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးနေဆန်း နှင့်အမှူဆောင်များ၊ အရှေ့ပိုင်းခရိုင် တပ်ဖွဲ့မှူး ဦးခင်သန်းနှင့် တိုင်းခရိုင် တပ်ဖွဲ့ဝင်များ၊ မင်္ဂလာဒုံ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှူးနှင့် အမှူဆောင်များ၊ သက်ဆိုင်ရာ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အသင်းသူ၊ အသင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန္တာ