တောင်ဥက္ကလာပ ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူမှု ဘဝများဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် (၁၀)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းမှ တက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ နတ်သျှင်(ရွှေဂူ)ရေးသားသော လူငယ်များကို ပျိုးထောင်ပေးပါ စာအုပ်အား ဆက်လက်ဖတ်ကြား ဆွေးနွေးခဲ့ရာ၊ မြို့နယ်အတွင်းရှိ စာပေ ချစ်သူ စာဖတ်ပရိသတ်များနှင့် အတူ ၎င်းစာအုပ်ပါ အကြောင်းအရာများကို အမြင်ချင်း ဖလှယ်ကာ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)