ညောင်ဦး ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအထိ ၃၁၈၉၄၀ ဦးထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်း မြို့နယ်တွင် သတ်မှတ်စုရပ်(၁၂)နေရာ၊ ညောင်ဦးမြို့နယ်တွင် သတ်မှတ်စုရပ် နေရာ(၁၂)နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၈၈၅၃၀ ဦး၊ Sinopharm ဒုတိယအကြိမ် ၅၀၃,၀၂၅ ဦး၊ Sinovac ပထမအကြိမ် ၃,၇၃၀ ဦး၊ Sinovac ဒုတိယအကြိမ် ထိုးပေးနိုင်မှု ၃,၂၅၄ ဦး၊ Phae-6 Covisheld ထိုးနှံမှုပထမအကြိမ် ၁၇၈၂ စုစုပေါင်း ၁၅၀,၃၂၁ ဦးထိုးနိုင်ပေးခဲ့ပြီဖြစ်ကာ ကျောက်ပန်းတောင်း မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ်ထိုးပေးနိုင်မှု ၉၅၁၉၁ ဦး၊ ဒုတိယအကြိမ် Sinopharm ထိုးပေးနိုင်မှု ၆၃၃၂၇ ဦး၊ Sinovac ပထမအကြိမ်ထိုးပေးနိုင်မှု ၅၂၉၄ ဦး၊ Sinovac ဒုတိယအကြိမ် ၄၃၄၅ ဦး၊ Phae-6 Covisheld ပထမကြိမ်ထိုးပေးနိုင်မှု ၄၆၂ ရှိပြီဖြစ်ကာ စုစုပေါင်း ၁၆၈၆၁၉ ဦးဖြစ်သဖြင့် ညောင်ဦး၊ ကျောက်ပန်းတောင်းမြို့နယ်နှစ်ခုပေါင် ၃၁၈၉၄၀ ဦး ထိုးပေးနိုင်ပြီ ဖြစ်ကြောင်း၊ ဆေးခွဲတမ်းရရှိမှုအပေါ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း၊ ဝေးလံသည့် ကျေးရွာများသို့လည်း နယ်လှည့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် လိုက်လံ ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။
ကိုထိန်၊KPD