မင်းပြားမြို့၌ မီဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

မင်းပြား  ဇန်နဝါရီ   ၁၉

ယခုအချိန်သည် ပူပြင်းခြောက်သွေသည့် နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ မင်းပြားမြို့နယ် အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းခွဲ၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက်  ယမန်နေ့နံနက် (၉) နာရီအချိန် က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မီးဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာနမှ  လက်ထောက်ဦးစီးမှူး ဦးခိုင်စိုးလင်းနှင့် ဝန်ထမ်းများ က  မီးဘေးကင်းဝေး စေရန်အတွက် မင်းပြားမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လျှပ်စစ်မီးကို စနစ်တကျအသုံးပြုတတ်စေရန်၊ ဟောင်းနွမ်းနေသောဝါယာကြိုးများ၊ မီးခလုတ်များအား၊ အသစ်လဲ လှယ်အသုံးပြုရန်၊  အမှိုက်များကိုစနစ်တကျ စွန့်ပစ်စေရန်၊ ဆေးလိပ်သောက်ခြင်း၊ ဖယောင်းတိုင်မီး၊  မီးသတ်ဆေးဗူးများနှင့် ကြိုတင်ကာကွယ်ထားရှိခြင်း၊ မီးသတိပေးဆိုင်ဘုတ်များအား ချိတ်ဆွဲခြင်း၊  မီးသတ်လှေကား၊ မီးသတ်ချိတ်များ၊ ရေအိတ်၊ သဲအိတ်များထားရှိခြင်းစသည့် မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အသိပညာပေးဟောပြောခြင်း၊ ငလျှင်ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သရုတ်ပြ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းနုအောင်