ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့၌ ရေကူးကန်တည်ဆောက်နေမှု၊ ကချင်တိုင်းရင်းသားရိုးရာဂျပ်ခုတ်သင်တန်းကျောင်းနှင့် လေဆိပ်ရှေ့ပန်းခြံတို့အား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇန်နဝါရီ    ၁၈

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့၌ ရေကူးပြေးလမ်း ၁၀ လမ်းပါ ရေကူးကန်တည်ဆောက်နေမှု၊ ရိုးရာဂျပ်ခုတ် သင်တန်းကျောင်းပြုပြင်ဆောင်ရွက်နိုင်‌ရေးနှင့် လေဆိပ်ရှေ့ပန်းခြံဆောင်ရွက်ပြီးစီးမှုအခြေအနေတို့အား ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲ တွင် လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရေကူးပြေးလမ်း ၁၀ လမ်းပါ (အလျား ၅၀ မီတာ၊ အနံ ၂၅ မီတာ) ရှိ ရေကူးကန်တည်ဆောက်နေမှုလုပ်ငန်းခွင်အတွင်း ပွဲကြည့်စင်ဆောက်လုပ်နေမှု၊ အမိုးဒိုင်းများ တည်ဆောက်ထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီအောင် ဆောက်လုပ် သွားရေးတာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ ကချင်တိုင်းရင်းသားရိုးရာဂျပ်ခုတ် သင်တန်းကျောင်းသို့ သွားရောက်ပြီး ဂျပ်ခုတ်သင်တန်း သူများ၏ ရိုးရာအဝတ်အထည်များကို ဒီဇိုင်း ဖော်ဂျပ်ခုတ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် သင်တန်းကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရိုးရာဂျပ်ခုတ်လုပ်ငန်းကို လက်ဆင့် ကမ်းဖော်ထုတ်ထိန်းသိမ်းနိုင်ရေးနှင့် သင်တန်းကျောင်းအတွင်း ပြုပြင်ဆောင်ရွက်ရန် ကိစ္စရပ်များကို ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ သင်တန်းကျောင်း အတွက်ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း မိုးရာသီရေဝပ်တင်ကျန်မှုမရှိစေရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ထားရှိသည့် ကျောက်စီရေနှုတ်မြောင်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မိုးရာသီတွင် ရေဝပ်တင်ကျန်မှုမရှိစေရေးအတွက် ရေနှုတ်မြောင်း များရေစီးရေလာကောင်းမွန်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားလေဆိပ်ရှေ့၌ စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် ပန်းခြံငယ် အတွင်းအလှပန်းပင်များ၊ မြေယာပြုပြင်ခြင်း လုပ်ငန်းများ၊ အလှမီးတိုင်များ စိုက်ထူထားရှိမှုနှင့် လျှောက်လမ်းဆောင်ရွက်နေမှု အခြေအနေ များ၊ လေဆိပ်အဝင် လုံခြုံရေးဂိတ်ပြောင်းရွှေ့ဆောင်ရွက်နိုင်ရေးတို့အတွက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လေဆိပ်ရှေ့ပန်းခြံအတွင်း လိုအပ်သည့် အလှဆင်ယင် ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

ပြည်နယ်ပြန်/ဆက်